Tuesday, December 21, 2010

စကားကြီးဆယ်ခွန်း လူ၌ထွန်း


 
{ စကားကြီးဆယ်ခွန်း လူ၌ထွန်း }
    
     ၁။ ရေကူးညာတင် စကားပြောနည်း      

                    
          မြစ်တစ်မြစ်ရဲ့အထက်ကို အညာဟုခေါ်သည်။ အောက်ဖက်ကိုတော့ အကြေ

          ဟုခေါ်သည်။

          အညာကို ဆန်တက်သည် ဟုခေါ်ပြီး အကြေကို စုန်ဆင်းသည်ဟုဆိုသည်။

          မြစ်ရေသည် အထက်မှ အောက်သို့စီးဆင်းသည်။

          အညာမှ အကြေသို့ စုန်သည်ဟုဆိုသည်။

          မြစ်တစ်မြစ်ကို ကန့်လန့်ဖြတ် ဖြတ်ကူးလျှင် လိုရာခရီးသို့ရောက်ရန် မြစ်၏

          အပေါ်(အညာ) ဖက်မှ ကူးရသည်။ ထိုမှသာ လိုရာခရီးကို ရောက်ပေမည်။

          တည့်တည့်ကူးလျှင် ရေစီးအားကြောင့်အောက်ဖက်(အကြေ)ဖက်သို့ရောက်

          သွားလိမ့်မည်။

          ထို့ကြောင့် စကားပြောရာတွင် အခြေနေနှင့်အချိန်ခါကို တွက်ချက်၍

          ပိုပိုသာသာပြောခြင်းကို ရေကူးညာတင်ပြောနည်းဟုခေါ်သည်။

          ကတိပေးစကားများ ပြောသည့်အခါ ရေကူးညာတင် စကားပြောနည်းသည်

          လွန်စွာ အသုံးဝင်သည်။

          ဥပမာ - ငါးရက်နှင့် အလုပ်ပြီးစီးနိုင်သော်လည်း၊ ခုနစ်ရက်လောက်ထိ

          စောင့်ပေးပါ ဟုပြောဆိုခြင်းမျိုးဖြစ်သည်။

             “မှန်းချက်နှင့် နှမ်းထွက်မကိုက်၊ ဒူးလောက်တင်မှ ရင်လောက်ကျ”
 
          ဆိုသည့်စကားပုံကို ထောင့်ချင့်၍ သိနိုင်သည်။


     ၂။ ကောက်ပင်ရိတ်လှီး စကားပြောနည်း။
 
           ကောက်ပင်ရိတ် ခြင်းဆိုသည်မှာ၊ လယ်ကွင်းထဲရှိ ကောက်ပင်များကို လက်

           ထဲဝင်နိုင်သမျှ ၀င်အောင်အမိအရ ဆွဲယူပြီး ဖမ်းချုပ်ဆုပ်ကိုင် ရသည်။

           ကျန်လက်တစ်ဖက်က တံစဉ်ကို ကိုင်ပြီး စပါးပင်၏ အရင်းမှ ပိုင်းဖြတ်ရသည်။

           ထို့ကြောင့် စကားပြောရာတွင် တစ်ဖက်သား၏ စကားကို မိမိရရ မှတ်သားပြီး၊

           ကိုယ့်အလှည့်တွင် အရင်းက ပိုင်းဖြတ်သလို အနိုင်ပိုင်းပြီး ပြောဆိုခြင်းကို

           ကောက်ပင်ရိတ်လှီး စကားပြောနည်း ဟုခေါ်သည်။

           အမတ်လောင်းများ မဲဆွယ်စကားပြောရာတွင် လည်းကောင်း၊ စကားရည်

           လုပွဲ၊ များ တွင်လည်းကောင်း  ဤစကားပြောနည်းကို အသုံးပြုနိုင်သည်။


     ၃။ ရေစီးဖောင်ဆန် စကားပြောနည်း
 
          ရေစီးတွင် ဆန်တက် ရသောဖောင်သည် အလျင်အမြန်နှင့် လိုရာခရီးကို

          မရောက်နိုင်ပါ။

          တဖြည်းဖြည်းနှင့် လိုရာကမ်းကို ဆိုက်ကပ်နိုင်ရန်၊ ဇွဲ၊ လုံ့လ၊ ၀ီရိယများ၊

          စားနပ်ရိက္ခာများ၊ ကာယလုပ်အားများ၊ ကျွမ်းကျင်သော ရေလမ်းပြများ

          စသည်ဖြင့်လိုအပ်ပေသည်။

          ထို့ကြောင့် စကားပြောဆိုရာတွင် မိမိလိုသည့် အချက်ရအောင် ဥပမာများ၊

          ခိုင်လုံသော အချက်လက်များ၊ သာဓကများဖြင့် ကြိုတင်စီစဉ်၍ ဖြည်းဖြည်း

          ညင်သာစွာ ပြောဆိုခြင်းကို ရေစီးဖောင်ဆန် စကားပြောနည်းဟုခေါ်သည်။

          စကားကို လောကြီးပြီးမပြောရဘူး။ ကိုယ့်ကို အစီးအပိုးနဲ့ နိုင်ထက်စီးနင်း

          ပြောဆိုလာသည့်အခါ ဖြည်းဖြည်းနဲ့ ထိထိမိမိ ပြန်ပြောရန်  ဤစကားပြော

          နည်းကို သုံးနိုင်သည်။

                        “လဖက်ကောင်း စားချင်လျှင် ပလောင်တောင်တက်နှေး”
 
          ဆိုသည့်စကားပုံကို ထောင့်ချင့်၍ သိနိုင်သည်။

    
     ၄။ အိုးတန်ဆန်ခပ် စကားပြောနည်း
 
          အိုးနှင့်ဆန် တန်အောင်ချက်လျှင် ကောင်းမွန်နူးညံ့သော ထမင်းတစ်နပ်ကို

          စားရမည်မဟုတ်လား။ အိုးသေးသေးလေးတွင် ဆန်အများကြီးထည့်ချက်လျှင်

          ပြည့်ကျပ်၍ မနူးနပ်တော့ပါ။

          အိုးကြီးကြီးတွင် ဆန်အများကြီးထည့် ချက်ပြန်လျှင်လည်း တူးကပ်၍စားမရ

          တော့ပါ။ ထို့ကြောင့် မိမိအရွယ်၊ မိမိအဆင့်တန်း၊ မိမိအခြေအနေ စသည်တို့

          နှင့်တန်သောစကားကိုသာ ပြောဆိုခြင်းကို အိုးတန်ဆန်ခပ် စကားပြောနည်း

          ဟု ခေါ်သည်။

          မိမိပြောဆို ထားသည့်စကား အတိုင်း အလုပ်ကို ပြနိုင်ရမည်။

          အပြောနှင့် အလုပ်ကို တညီတညွတ်တည်း ဖြစ်စေရန် ဤစကားပြောနည်းကို

          သုံးသည်။

             “ခွေးပါးစပ်က နတ်စကားမထွက်ရ” “ဒူးနေရာဒူးတော်နေရာတော်”
 
          စသည့်စကားပုံများကို ထောင့်ချင့်၍ သိနိုင်သည်။

    
     ၅။ ဆီပွတ်ကျဉ်ပွေ့ စကားပြောနည်း
 
          ဆီကြိတ်တဲ့အခါ ဆီများများ ထွက်ဖို့ အထပ်ထပ်ပွတ်ရတယ်။

          ထို့ကြောင့် မိမိစကားကို တစ်ပါးသူ မှတ်မိစေလိုလျင် ထပ်ကာထပ်ကာ

          ပြောဆိုခြင်းကို ဆီပွတ်ကျဉ်ပွေ့ စကားပြောနည်းဟု ခေါ်သည်။

          မိဘ၊ ဆရာ များသည် မိမိတို့၏ သားသမီး၊ တပည့်များ အပေါ်တွင်ဆုံးမ

          သြ၀ါဒ ပေးသည့်အခါ တွင် ဤစကားပြောနည်း ကိုသုံးသည်။

            “မေးပါများ စကားရ” ဆိုသည့်စကားပုံကို ထောင့်ချင့်၍ သိနိုင်သည်။
 

     ၆။ ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း
 
           ဆင်ထိန်းတစ်ယောက်သည် ဆင်ကိုသင်ပြရာတွင် ဆင်၏ အရှေ့

           တည့်တည့်မှ သင်ပြ၍မရပေ ဆင်ကဝှေ့လိုက်လျင် ဆင်ထိန်းသည်

           အန္တရယ်ရှိနိုင်သည်။

           ဆင်၏ အန္တရာယ် လွတ်ကင်းသည့် ဘက်မှနေ၍ သင်ပြရပေသည်။

           ထို့ကြောင့် မိမိအားထိခိုက်မည့် စကားများကို ရှောင်တတ်ရပေမည်။

           လှီးလွှဲ တတ်ရပေမည်။

           ပြီးမှ မိမိပြောချင်သော စကားအားထိရောက်စွာ ပြောဆိုခြင်းကို ဆင်ဝှေ့

           ရန်ရှောင် စကားပြောနည်းဟုခေါ်သည်။

           စကားကိုသွယ်ဝိုက် ပြောလိုသည့်အခါဖြစ်စေ၊ အကြောင်းပြချက်ပေးသော

           စကားကိုပြောသည့် အခါဖြစ်စေ၊ ဆင်ခြေပေးသော စကားကို ပြောသည့်အခါ

           ဖြစ်စေ ဤစကားပြောနည်းကိုသုံးသည်။

                 “အလျှောက်ကောင်း၊ အထောင်းသက်သာ” ဆိုသည့်စကားပုံကို

           ထောင့်ချင့်၍ သိနိုင်သည်။

      ၇။ တောင်သူယာခုတ် စကားပြောနည်း
 
           တောင်သူတို့သည် ယာခုတ်သည့်အခါ ချုံများ၊ သစ်ပင်ငယ်များ၊ အနီးအနားရှိ

           အပင်လေးများကို ခုတ်ထွင်ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်း

           လင်း ရသည်။ သို့မှသာ ကျယ်ပြန့်သော ယာခင်းတစ်ခုကိုရနိုင်ပေသည်။

           ထို့ကြောင့် စကားစပြောသည့်အခါ စိတ်ဝင်စားဖွယ်ကောင်းသောစကားဖြင့်

           စေရမည်။ စပြီး မိမိပြောလိုသော စကားကို လေးလေးနက်နက်နှင့် ထိထိမိမိ

           ပြောဆိုခြင်းကို တောင်သူယာခုတ် စကားပြောနည်းဟု ခေါ်သည်။

           စကားအကြောင်းရာ တစ်ခုကို လူအများစိတ်ဝင်စားဖွယ် ဖြစ်အောင်ပြော

           သည့် အခါ၊ ကလေးများအား စိတ်ဝင်စားဖွယ် ပုံပြင်များပြောသည့် အခါ၊ 

           သမိုင်းဆိုင်ရာ အချက်လက်များကို ရှင်းလင်းတင်ပြသည့်အခါ ဤစကား

           ပြောနည်းကို သုံးသည်။

              “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်စကားပုံကို ထောင့်ချင့်၍

           သိနိုင်သည်။

    
       ၈။ ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း
 
            ကြက်နှစ်ကောင်ခွပ်သည့်အခါ နောက်ကိုဆုတ်ဟန်ပြုပြီးမှ တကယ်ခွပ်သည့်

            အခါ အပေါ်စီးမှ ခွပ်လေ့ရှိသည်။

            စကားပြောသည့်အခါ သူတစ်ပါးပြောဆိုသမျှကို သည်းခံနားထောင်ပြီး မိမိ

            ဘက်အခွင့်သာသည့်အခါမှ အပေါ်စီးနှင့်အပိုင်ပြောချခြင်းကို ကြက်ဆုတ်

            ခွပ်ပစ် စကားပြောနည်းဟုခေါ်သည်။

            တစ်ဦးနှင့်တစ်ဦး အကြောင်းအရာတစ်ခုပေါ်တွင် ငြင်းခုန်သည့်အခါ၊

            စကားကို အနိုင်လုပြောသည့်အခါ ဤစကားပြောနည်းကိုသုံးသည်။

                 “ထိုးမည့်ဆင် တစ်လှမ်းဆုတ်” ဆိုသည့်စကားပုံကို ထောင့်ချင့်၍

            သိနိုင်သည်။


     ၉။ ရေစစ်ကရား စကားပြောနည်း
 
           ရေစစ်ကရားကို ရေစစ်ပြီးဖြည့်ပါ။ ရေပြည့်သည့်အခါ လက်နှင့်ပိတ်ပြီး

           မ ယူလိုက်လျှင် ရေထွက်ကျ နိုင်ခြင်းမရှိတော့ပါ။

           စကားပြောသည့်အခါ သူတစ်ပါးပြောဆိုသည့် စကားကို သေသေချာချာ

           ဖမ်းဆုတ်ပြီး တဖက်သား မငြင်းနိုင်အောင် ခိုင်လုံသော အကြောင်းအရာ

           များနှင့် အပိုင်ပြောခြင်းကို ရေစစ်ကရား စကားပြောနည်း ဟုခေါ်သည်။

           သူတစ်ပါးစကားကို ပိတ်မိအောင် လုပ်ပြီး ပြန်လည်ချေပသော စကားပြော

           နည်းဖြစ်သည်။

           စကားပြော ကျွမ်းကျင်သူများ၏ ဟာကွက်၊ လွတ်ကွက်များကို ရှာဖွေပြီး

           ချည်တုပ်ကာ ပြန်မပြောနိုင်အောင် ပြောဆိုရာတွင် ဤစကားပြောနည်းကို

           သုံးသည်။

                “ထွက်ပြီးသောဆင်စွယ် ပြန်မ၀င်နိုင်” ဆိုသည့်စကားပုံကို

            ထောင့်ချင့်၍ သိနိုင်သည်။

   
     ၁၀။ ခက်တင်မောင်းနင်း စကားပြောနည်း
 
             ခက်တင်မောင်းနင်း ဆိုသည်မှာ မတင်မကျသော သဘောကိုဆိုလိုသည်။

             ဟုတ်သည်လည်းမဆို မဟုတ်ဘူးလည်းမပြောဘဲ မတင်မကျပြောသော

             စကားဖြစ်သည်။

             တဖက်သား စကားကို အဆိုးအကောင်း မဝေဖန်ဘဲ ကိုယ်တိုင်ဘဲ စဉ်းစား

             ဆုံးဖြတ်ပါလို့ အကြံဥာဏ် ပေးသော စကားများပြောသည့် အခါသုံးသည်။

                     ( စကားပြောဆိုရာတွင် ညီညွတ်ရမည့် အင်္ဂါရပ် (၁၀) မျိုး )
  
                          ၁။  ကာလ၀ါဒီ    =  ပြောချိန်သင့်မှ ပြောခြင်း။

                          ၂။  ဘူတာဝါဒီ    =  မှန်သောစကား ကိုပြောခြင်း။

                          ၃။  ဓမ္မ၀ါဒီ        =   တရားသဖြင့် ပြောခြင်း။

                          ၄။ အတ္တ၀ါဒီ    =  အကျိုးရှိအောင်ပြောခြင်း။

                          ၅။ ပီယ၀ါဒီ    =  နှစ်လိုဖွယ် ကောင်းသော စကားကိုပြောခြင်း။

                          ၆။ ပီယိစာ ပုမ္ဗ၀ါဒီ    =  ပြုံးရွှင်စွာ ပြောခြင်း။

                          ၇။ အတုရိတ၀ါဒီ    =  အလျင်စလို မပြောခြင်း။

                          ၈။ ပေါရီ        =  ယဉ်ကျေး သိမ်မွေ့စွာ ပြောခြင်း။

                          ၉။ မိတဘာဏီ    =  မတိုမရှည် ချင့်ချိန် ပြောခြင်း။

                        ၁၀။ ၀ိသဒိဝါဒီ    =  တိကျပြတ်သားစွာ ပြောခြင်း။

           လူသားအချင်းချင်းဆက်သွယ်ရာတွင် စကားပြောဆိုခြင်းသည် အဓိက

           ကဏ္ဍတွင်ပါဝင်သည်။

           ထို့ကြောင့်လူတို့သည် စကားပြောဆိုရာတွင် လိမ္မာပါးနပ်မှု ရှိရမည်။

           အထက်ပါစကားကြီး (၁၀) မျိုးကို သင့်တင့်လျှောက်ပတ်စွာ

          ပြောဆိုခြင်းဖြင့်စကားအရာတွင် ကျွမ်းကျင်လိမ္မာသူများ ဖြစ်နိုင်ကြပါစေ။

           ကာဗျဝိဒူ အရှင်စန္ဒဇောတိ ၏ လူ့စည်းကမ်း ဥပဒေတော်ကြီးမှ

ကိုးကား  ဖော်ပြသည်။

0 comments:

Post a Comment