ကျွန်တော်တို့ရဲ့ ရခဲလှတဲ့ လူ့ဘ၀ဆိုတာ အလွန်ပဲ
တိုတောင်းလွန်းတဲ့ အချိန်ကာလလေး ဖြစ်ပါတယ်။
ဒီတိုတောင်းလှတဲ့၊ ရခဲလှတဲ့၊ တန်ဖိုးရှိလှတဲ့ အချိန်လေးမှာ
တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ
နေတတ်ဖို့ နဲ့ တစ်ယောက်အပေါ် တစ်ယောက်
အပြစ်မမြင်တတ်ဖို့ အလွန်မှ အရေးကြီးပါတယ်။ နောက်ပြီး
တစ်ယောက်အပေါ် တစ်ယောက် စိတ်ကောင်း
စေတနာကောင်း ထားတတ်ဖို့လည်း အထူး လိုအပ်ပါတယ်။
စိတ်စေတနာကောင်း ရှိဖို့ အဓိကကျတာကို ဒီလို
လေ့လာထားဖူး ပါတယ်။
(၁) စိတ်ကောင်းရှိဖို့က (ပထမ)
(၂) ၀ိနည်းလေးစားတတ်ဖို့က (ဒုတိယ)
(၃) ကျန်းမာဖို့က (တတိယ)
(၄) သန့်ရှင်းဖို့က (စတုတ္ထ)
(၅) အ၀တ်အစား ၀တ်တတ်ဖို့က (ပဉ္စမ)
(၆) အနေအထိုင်တတ်ဖို့က (ဆဋ္ဌမ)
(၇) အသွားအလာတတ်ဖို့က (သတ္တမ)
(၈) အပြောအဆိုတတ်ဖို့က (အဋ္ဌမ)
(၉) စည်းကမ်းလိုက်နာဖို့က (န၀မ)
(၁၀) စာတတ်ဖို့က (ဒသမ) ဆိုတာ ဖြစ်ပါတယ်။
လူတိုင်းကိုယ်စီ စိတ်ကောင်းရှိနေဖို့ ပဓာနကျတယ်ဆိုတာ
ဘယ်အခါမှ သံသယ မဖြစ်မိပါဘူး။ လူတစ်ယောက်ဟာ
စိတ်ကောင်း နှလုံးကောင်း ရှိနေမယ်ဆိုရင်
ကျန်တဲ့အရာတွေမှာ အလိုက်သင့် ပြည့်စုံလာမှာ ဖြစ်ပါတယ်။
စိတ်ကောင်းရှိသူ တစ်ယောက်ဟာ ကိုယ်ကျင့်တရားပါ
ကောင်းမွန်နေမယ်ဆိုရင် ကျန်လိုအပ်ချက် တွေကို
ကြိုးစားဖြည့်ဆည်း လိုက်ရုံနဲ့ လူတော်တစ်ယောက်
ဖြစ်လာမှာ ဧကန်အမှန်ဖြစ်ပါမယ်။
အမြဲပဲ မိမိစိတ်ဟာ ကောင်းတဲ့စိတ်လား၊
မကောင်းတဲ့စိတ်လား ဆိုတာကို မကြာမကြာ
ပြန်လည်ဆန်းစစ် ကြည့်ဖို့လိုပါတယ်။ တကယ်လို့
လမ်းလွဲရောက်နေတဲ့ အတွေးအခေါ်၊ အယူအဆ၊
အသိတွေဖြစ်နေခဲ့ရင် ဆင်ခြင်တုံဥာဏ်နဲ့
လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ရင်းနဲ့ စိတ်ကောင်းသူ
တစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်
ပြုပြင်ယူနိုင်ရပါမယ်။ မိမိရဲ့ စိတ်နှလုံး ဖြူစင်နေမယ်၊
ငြိမ်းချမ်းနေမယ် ဆိုရင် သူတစ်ပါးကို ကြည့်တဲ့အခါ
အပြစ်တွေကို မြင်မိမှာ မဟုတ်ပါဘူး။ မိမိရဲ့စိတ်က
ညစ်နွမ်းနေမယ်၊ မကြည်မလင်ဖြစ်နေမယ် ဆိုရင်
ဘယ်အရာကို ကြည့်ကြည့် အပြစ်တွေပဲ မြင်နေမိမှာ
သဘာဝပါ။ ဒါကြောင့် မိမိရဲ့စိတ်အစဉ်ကို သန့်ရှင်းကြည်လင်
နေစေဖို့ အမြဲမွေးမြူပါလို့ ပြောချင်ပါတယ်။ ဒီလိုဆိုရင်
လောကကြီးဟာ အကြည်းတန် မနေတော့ဘဲ
သာယာလှပပြီး ပျော်ရွှင်စရာအတိနဲ့ အပြစ်ကင်းစင်နေတဲ့
မိမိပတ်ဝန်းကျင်ကို ထာဝရ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
တခဏတာ ရရှိထားတဲ့ ဘ၀သေးသေးလေး
အချိန်တွေကို တစ်ယောက်အပေါ်တစ်ယောက် ရန်စောင်
ငြူစူ စောင်းမြောင်း ကောက်ကျစ် ၀န်တိုမှုတွေ နဲ့အဓိပ္ပာယ်မဲ့
မကုန်ဆုံးကြပါစေနဲ့လို့ ............
အမှန်တရားကို မသိနိုင် မမြင်နိုင်သူဟာ
တစ်ကိုယ်ကောင်းဆန်တယ်။
· တစ်ကိုယ်ကောင်းဆန်သူဟာအလိုလောဘကြီးတယ်။
·
· တစ်ကိုယ်ကောင်းဆန်သူဟာ
·
· တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
·
· တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို
·
· ပေါ့ပေါ့တန်တန်ပြောတယ်။
·
· ဒီလိုလူမျိုးကို ကိုယ်ကျင့်တရား မရှိသူလို့ ခေါ်တယ်။
·
· ဒီလိုလူမျိုးကို အသိပညာကင်းမဲ့သူလို့လည်း ခေါ်တယ်။
·
ဆရာသမားရဲ့ ကျေးဇူးသစ္စာကို အခါခပ်သိမ်း
စောင့်ထိန်းသူဟာ ဘာသာတရား
စိတ်ထက်သန်သူဖြစ်တယ်။
· ဒီလိုလူမျိုးဟာ လေ့လာသင်ယူလိုစိတ်
·
· ထက်သန်သူလည်းဖြစ်တယ်။
·
· ဒီလိုလူမျိုးဟာ စကားပြောရာမှာ၊ အလုပ်လုပ်ရာမှာ
·
· တစ်ဖက်သားကို ထောက်ထားစာနာတယ်။
·
· ဒီလိုလူမျိုးဟာ ဆုံးမသွန်သင်တာကို ခံယူထိုက်တယ်။
·
· အမြင့်ဆုံးသော အမှန်တရားကို ရှာဖွေသူဟာ
·
· စာပေကျမ်းဂန်ကို လေ့လာဆည်းပူးတယ်။
·
သင့်ကိုယ်သင် အပြစ်ကင်းစင် စေနိုင်ဖို့ သင့်အနေနဲ့
သူတစ်ပါးကို အပြစ်ကင်းစင်စေနိုင်ဖို့ အမှန်တရားကို
ရှာဖွေပါ။ အမှန်တရားကို ဖြည့်ဆည်းပါ ။။
ဥာဏ် စွမ်းရည်
နားလည် သဘောပေါက်နိုင်စွမ်း မရှိသောသူကို
ဘာတွေပြောပြော ဘယ်တောမှထူးလာမှာမဟုတ်ပါ ၊
နားမလည်သူ သဘောမပေါက်နိုင်ပါ ၊
သဘောမပေါက်လျှင် ဘယ်တောမှ အကြံဥာဏ်
အသစ်ကို ပြောင်းလည်းလက်ခံမှာ မဟုတ်ပါ ၊
အချိန်ကုန် ၊ ဒေါသထွက်ခြင်းသာ ကိုယ်အတွက်
ရလဒ် ဖြစ်သည် ။
ဝေဖန်မူ.
သူများကို ဝေဖန်သုံးသပ်နေလျှင်
မပြေလည်မူများ ပိုများလာပါမည် ။
ကိုယ်ဖြစ်ရပ်များ ကိုယ်ကိစ္စများကိုသာ အချိန်များမျာ
းသုံးပြီး အမှားများကို ဝေဖန် ၊ စီစစ် သုံးသပ်ပါ။
လမ်းမှန်ပေါ်ရောက်ရန် ကြိုးစားပါ ။
သူများတွေနဲလည်း ပိုပြီး အဆင်ပြေလာပါမည် ။
ဘ၀မှာ အားလုံးနဲ. အဆင်ပြေဖို
ဒီလိုနေကြည်စေချင်ပါတယ် ။ အောင်မြင်လာမှာပါ ။
စမ်းနေကြည်. ပါ။"သူများမကြိုက်တာ ၊ ဆန်.ကျင်တာ
၊ ဝေဖန်တာတွေကို မပြောမိအောင်နေမယ် ။
ကိုယ်အကြောင်း မကောင်းတာ ၊
ကိုယ်မနှစ်သက်တာကို ကိုယ်ရှေ.မှာပဲပြောပြော ၊
ဘာမှပြန်မပြောမီအောင်နေပြီး
ကြိုးစားနားထောင်ပေးလိုက်ပါ ။သတ္တိ မရှိ ၊
ကြောက်လို ပြန်မချေပပဲ ငြိမ်နေတာ မဟုတ်ပါဘူး
၊ပြောတက် ၊ ပြောချင်တဲ
စကားလုံးတွေ လျှာဖျားအထိ ရောက်လာပေမယ်
ပြန်မြိုချထားလိုက်ပါ၊ ခုလို အောင်အီး
သည်းခံလိုက်ရတဲ. ဒုက္ခက ခဏလေးပါ ၊
သည်းမခံနိုင်လို လက် ၊ နူတ်နဲ. ပြန်ချေပလိုက်ရင်
တွေရမယ် အရူပ်အရှင်း ပြသနာတွေက
ပိုကြီးလာပါမယ် ။ လုပ်ငန်း ၊ အလုပ်ဌာနတွေမှာဆို
အဆင်မပြေတာတွေ များလာပြီး အလုပ်လက်မဲ.
ဖြစ်သွားနိုင်ပါတယ်။
နူတ်ပိတ်သည်းခံလိုက်လို ရလိုက်တဲ. ဒုက္ခ က
နောက် ထပ်တွေရမယ် ပြသနာတွေနဲ. ဘယ်လိုမှ
မယှဉ်သာပါဘူး ။ သည်းခံလိုက်ရတဲ. အကျိုးကြောင်
ပတ်ဝန်းကျင်နဲ. အဆင်ပြေလာတာတွေ
တိုးလာပါလိမ်မယ် ။ .
ဘ၀မှာ ပထမဆုံးလိုအပ်တာက အမှား အမှန်၊
ကောင်းမကောင်း ၊လုပ်သင်.မလုပ်သင်. ၊
ဝေဖန်နိုင်စွမ်းရှိတဲ. ဥာဏ် ၊ ဒုတိယက
၎င်းဥာဏ်ဖြင်.' မှန်သော ကောင်းသော
လုပ်သင်.သော 'အချက်များကို လက်ခံနိုင်စွမ်းရှိတဲ.
အသိစိတ် ၊ တတိယ အချက်က မှားနေသော
လက်ခံယူထားပြီးသော ခံယူချက် များအစား'
မှန်သော ၊ ကောင်းသော၊ လုပ်သင်.သော'
ခံယူချက်အသစ်များဖြင်. အစားထိုပြောင်းလဲလိုသည်.
ဆန္ဒနှင်. ပြောင်းနိုင်စွမ်းရှိတဲ. စွမ်းရည်များသာ
အဓိက လိုအပ်ပါတယ်။
မကျေနပ်မူ.ဖြစ်တိုင်း ဒီလိုလေးမြင်လိုက်ပါ။
လူတစ်ယောက်ကို မကျေမနပ်၊
ကိုယ်စိတ်တိုင်းကျ ဖြစ်မလာတိုင်း စိတ်ဆိုးပြီး
ဆုံးဖြတ်ချက် လွယ်လွယ်လေးနဲ. အပြစ်မမြင်ပါနဲ.၊
သူဘာတွေဖြစ်နေလဲ ၊ သူဘယ်လောက်
ဒုက္ခတွေနေလဲဆိုတာ သနားစိတ်နဲ. သူနေရာကနေ
နေပြီး ခွင်.လွှတ်စိတ်အပြည်.နဲ. နေကြည်.ပါ.။
ကိုယ်လည်း အခက်အခဲတွေ
အများကြီးတွေ.နေတဲ.အချိန်မှာ တခြား
တစ်ယောက်က ကိုယ်ချွတ်ယွင်းချက်ကို ခွင်.လွှတ်ပြီး
ဆက်ဆံ.ရင် ဘယ်လောက်ဝမ်းသာ မလဲဆိုတာ
တွေးကြည်.လိုက်ပါ။
စိတ်ညစ်နေချိန်မှာ ။
စိတ်ညစ် စိတ်ရူပ်ထွေးစရာတွေ တွေနေချိန်မှ
ာ စိတ်ကို အေးအောင် ၊ ကြည်အောင် ၊ ရှင်းအောင်
ထားပါ.။
အပိုစိတ်ရူပ်အောင် အပူတွေထပ်မပေါင်းပါနဲ. ။ ပိုပြီး
စိတ်ညစ်စရာတွေ ရူပ်ပြီးများလာလျှင်
ပြေလည်အောင် ဖြေရှင်းဖို အကြံဥာဏ်ကောင်းတွေ
ဝင်လာဖိုဆိုတာ နေရာ ရှိတောမှာ မဟုတ်ပါဘူး။
စိတ်အေးအေး ထား ခေါင်းအေးအေးနဲ. ဆုံးဖြတ်ပြီး
ဖြေရှင်းကြည်.ပါ။
အကောင်းမြင် စိတ် လေးထားကြည်.ပါ။
အကောင်းမြင် စိတ် လေးထားကြည်.ပါ။
ဘာအကြောင်းပဲဖြစ်ဖြစ် ကောင်းတဲဘက်ကနေ
ကောင်းတဲ.ရူထောင်ကနေ တွေးပါ.၊ မြင်ပါ၊ သနား
ခွင်.လွတ် နိုင်တဲ. စိတ်ကို အခြေခံထားပါ၊ ကိုယ်နေရာ
ကိုယ်ဖြစ်ချင်တဲ.ပုံ ကိုယ်ဆန္ဒနဲ မြင်ပြီး
မကျေမနပ်ဖြစ်ပြီး စိတ်တိုင်းမကျ
အပြစ်တင်နေသရွှေ. ဘယ်သူနဲမှ ဆက်ဆံမူ
ပြေလည်မှာ မဟုတ်ပါဘူး။ သူနေရာကနေ
ကိုယ်ဝင်ပြီး နေကြည်ပါ.၊ သူရဲ. အဖြစ်မှန်
အခြေနေမှန်ကို ဘာမှသေသေချာချာ မသိပဲနဲ ကိုယ်
လုပ်ချင်တဲ.ဆန္ဒအတိုင်း ဖြစ်မလာတာကို
ဝေဖန်အပြစ်တင်တာမျိုး ရှောင်ပါ.၊ ဒီလို ကောင်းတဲ.
အသိ၊ အမြင်၊ အားလုံးအပေါ်ထားပြီးဆက်ဆံနိုင်ရင်
လူတိုင်းနဲ. အဆင်ပြေမှာပါ။
ဒေါသနှင် မေတ္တာ ။
တစ်ခုတည်းသော
ဒေါသနှင် မေတ္တာ ။
တစ်ခုတည်းသော
ချွင်းချက်မရှိ ထာဝရမှန်နေသော နိယာမမှာ -
ဒေါသတိုင်းမှ ရသော ရလဒ်သည်.............
ဘာကောင်ကျိုးမှမမေး ၊ ဆုံးရူံးမူနှင်.
အဆုံးသတ်သည် ။နှစ်သက်မြတ်နိုး သူ မရှိ ။
ဒေါသကို ပိုင်ထားသူတိုင်း အပူသောကနှင်.
စိတ်ဆင်းရဲနေရလေသည်။
မေတ္တာတိုင်းမှ ရသော ရလဒ်သည်..........
အမြဲကောင်းကျိုးပေး၏။ အောင်မြင်မူနှင်.
အဆုံးသတ်သည် .။ လူတိုင်း နှစ်သက်မြတ်နိုး၏
။မေတ္တာကို ပေးတက်သောသူနှင်. လက်ခံရသူ
နှစ်ဦးစလုံး စိတ်ချမ်းမြေ အေးချမ်မူကိုရယူနိုင်ကြသည်
။
ကုန်ကျမူ.နှင် ၀င်ငွေ
အသက်ရှင်နေသော အရွယ်ရောက်သူတိုင်း
ကုန်ကျမူ.နှင် ၀င်ငွေ
အသက်ရှင်နေသော အရွယ်ရောက်သူတိုင်း
စားဝတ်နေမူ ကုန်ကျစရိတ်ကာမိအောင်
ဝင်ငွေရသော အလုပ် ရှိကိုရှိရမည် ။ လောကမှာ
ဝင်ငွေ နှစ်မျိုးရှိသည်.။ သန်ရှင်းသော
အလုပ်ကရသော ၀င်ငွေ နှင်.
မဖြောင်မတ်တဲ.လမ်းနှင်. ရှာလိုရသော ၀င်ငေ(မသန်.ရှင်းသော
အလုပ်ကရသော ၀င်ငွေ) ။
ဝေဖန်သုံးသပ်ဖြင်း။
ဝေဖန်သုံးသပ်ဖြင်း။
သူများအကြောင်း သူများအခြေအနေကို အ
ချိန်များများ ယူ သုံးသပ်ဝေဖန်နေလျှင် သူများနှင်.
အဆင်မပြေမူ ပိုများလာမည် ။ ကိုယ်ကိုယ်ကို များများ
သုံးသပ်ဝေဖန်ပြီး မှားနေတာကို
ပြင်နိုင်လျှင် သူများတွေနဲ. ဆက်ဆံတာ ပိုပြီး
အဆင်ပြေလာပါမည်။
ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားပုံလေးလို အမြဲတမ်း
ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်တော့ ကောင်းပါတယ်။
လူတိုင်းကလည်း ဒီလို ပျော်ရွှင်မှုကို တောင့်တကြမှာ
အမှန်ပါ။ တဒင်္ဂလောက် စိတ်လိုလက်ရ ရယ်မော
လိုက်နိုင်ရင်တောင် တစ်ရက်ပိုပြီး အသက်ရှည်တယ်ဆိုတာ
ယုံကြည်ထားကြတယ် မဟုတ်ပါလား။ အသက်တစ်ရက်
ပိုရှည်ဖို့အတွက် ရမယ်ရှာပြီး ရယ်ဖြစ်ရင်တောင် စိတ်ထဲမှာ
ပျော်ရွှင်မှု ဆိုတာ မရှိရင် အသက်ပါတဲ့ ရယ်မောခြင်းတော့
ဖြစ်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ သောကကို မမျှမတ
ရောမွှေထားတဲ့ ဒီဘဝထဲမှာ သောကစိတ်က ပိုများနေမှာပါ။
ကိုယ်လိုချင်တာ မရနိုင်တဲ့အခါမျိုးမှာ၊ ကိုယ်ဖြစ်ချင်တာ
ဖြစ်မလာ နိုင်တဲ့ အခါမျိုးမှာ တက်ရိပ်ပြနေတဲ့ သောကရဲ့
ဒီရေကို ပိုမြင်မိမှာပါ။ သောကဗျာပါဒ စိတ်များတော့
အရွယ်မတိုင်ခင် ရုပ်ရည်ရင့်တာတို့၊ ရုပ်ရည်ကျတာတို့ ဖြစ်ဖို့
အထောက်အကူ ဖြစ်နေမှာပါ။ ဒါကြောင့် လျင်မြန်စွာနဲ့
အိုမင်းခြင်းကို ရှောင်ရှားစေနိုင်မယ့် နည်းလမ်းလေးတွေ
မျှဝေပေးချင်ပါတယ် ..
၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
· စိတ်ကို အချိန်နဲ့အမျှ အလုပ်ပေးထားတာဟာ
·
· ဦးနှောက်ရဲ့ တုံ့ပြန်မှု လျော့နည်းလာတာကို
·
· ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ် တွေထဲမှာရှိတဲ့
·
· အာရုံကြော မျှင်တွေကို အသစ်ဖွံ့ဖြိုး လာစေတယ်လို့
·
· သိရပါတယ်။ ဒီအာရုံကြောမျှင်တွေက
· အသက်ကြီးလာတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့်
·
· အတွေ့အကြုံသစ်နဲ့ စိတ်ကို လေ့ကျင့်ပေးရင်
·
· အာရုံကြောမျှင်တွေ အသစ်ပြန်ဖြစ် စေပါတယ်။
·
· ဒါကြောင့် စာဖတ်ရင်ဖြစ်စေ၊ တီဗွီ အစီအစဉ်ကို
·
· ကြည့်သည်ဖြစ်စေ ဦးနှောက်ကို တွေးတောစရာ၊
·
· မှတ်သားစရာတွေ ပေးတဲ့ အစီအစဉ်တွေကို
·
· ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
·
၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ ..
အသက်ကြီးလာရင် ကိုယ်လက် လှုပ်ရှားမှု နည်းလာပြီး
·
· ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လည်း နှေးကွေး လာပါတယ်။
·
· ကယ်လိုရီလိုအပ်မှုလည်း နည်းလာပါတယ်။
·
· ဒီအတွက်ကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေ
·
· ပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့
·
· ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
·
၃။ မိတ်ဆွေ သူငယ်ချင်း များများထားပါ ..
· ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး
·
· မိတ်ဆွေအပေါင်းအသင်း မျုားတဲ့သက်ကြီး ပိုင်းတွေဟာ
·
· ရှိရင်းစွဲ အသက်အရွယ်ထက် ပိုပြီး နုပျိုလန်းဆန်း
·
· စေတယ်လို့ သိရပါတယ်။ တစ်ဦးအပေါ်တစ်ဦး
·
· ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ကောင်းတွေက စိတ်ဖိစီးမှုကို
·
· ကာကွယ်ပေးပါသတဲ့။
·
၎။ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေကို ရှောင်ပါ ..
· ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း မရှိပေမယ့်
·
· ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိရင်တောင် အိုမင်း
·
· ရင့်ရော်စေတယ်လို့ သိရပါတယ်။
·
· ဆေးလိပ်ငွေ့တွေရှိတဲ့နေရာမှာ ၄ နာရီလောက်ရှိနေရင်
·
· ရှိရင်းစွဲ အသက်ထက် ၇ နှစ်စာလောက်
·
· အိုစာသွားစေပါတယ်။ အသက် ၄၀ အရွယ်
·
· ဆေးလိပ်သောက်သုံးသူရဲ့အသားအရည် ဟာ
·
· ဆေးလိပ်မသောက်တဲ့ အသက် ၆၀ အရွယ်ရဲ့
·
· အသားအရည်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ
·
· ဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့အဆိပ်ဓာတ်က
·
· အသားအရည်အတွက် အောင်ဆီဂျင်ရရှိမှုကို
·
· အားနည်းစေပြီး တစ်ရှူးတွေကို ပျက်စီးစေတယ်လို့
·
· သိရပါတယ်။
·
၅။ အိပ်ရေး၀၀ အိပ်ပါ ..
· မိမိရဲ့ ရုပ်ရည်အတွက်ရော၊ ကျန်းမာရေး အတွက်ပါ
·
· အချိန်မှန် အိပ်ဖို့နဲ့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီး
·
· ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ကိုယ်ခံအားကို
·
· မြင့်တက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။
·
· စိတ်ဖိစီးမှုကိုလည်း အထိုက်အလျှောက်
·
· ကာကွယ်ပေးပါတယ်။
·
၆။ စိတ်ဖိစီးမှုကို တိုက်ဖျက်ပါ ..
· စိတ်ဖိစီးမှုက လူကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုက
·
· လူကို နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပြီး၊ စိတ်တင်းကြပ်မှု
·
· တာရှည်လာရင် ကိုယ်ခံအားကို လျော့ပါးလာစေ
·
· ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်း ကတော့
·
· တရားထိုင်ခြင်းနဲ့၊ ယောဂကျင့်စဉ်လိုမျိုး စိတ်ကို
·
· တည်ငြိမ်စေမယ့် လေ့ကျင့်မှုမျိုးကို လုပ်ဆောင်
·
· ပေးသင့်ပါတယ်။
·
၇။ အိမ်ထောင်ရေးသုခကို ခံစားပါ ..
· အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိတဲ့
·
· အိမ်ထောင်သည် တွေဟာ အိမ်ထောင်ရေး သုခ
·
· အပြည့်မ၀ မရရှိတဲ့ အိမ်ထောင်သည် တွေထက် ၇
·
· နှစ်ပိုပြီး နုပျိုစေတယ်လို့ မှတ်သားရ ပါတယ်။
·
· (အိုမင်းရင့်ရော် တာကနေ ရှောင်လွဲနိုင်အောင် မြန်မြန်
·
· အိမ်ထောင်ထူသင့်တယ်လို့ ပြောချင် တာများလား
·
· မသိ...၊ အတွေးတွေ ပွားသွားရပါတယ်)။
·
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။
(၁) စွန့်စားရန် သတ္တိမရှိခြင်း ( Unwillingness to take
risks )
(၂) ဇွဲမရှိခြင်း ( Lack of persistence )
(၃) ချက်ချင်းစိတ်ကျေနပ်မှုကိုသာကြည့်ခြင်း ( Instant
gratification )
(၄) ဦးစားပေးရွေးချယ်မှုမရှိခြင်း ( Lack of priorities )
(၅) ဖြတ်လမ်းလိုက်တတ်ခြင်း ( Looking for shortcuts )
(၆) တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်း (
Selfshness and greed )
(၇) ခိုင်မာစွာ ယုံကြည်မှု မရှိခြင်း ( Lack of conviction )
(၈) သဘာဝ၏ ဥပဒေသများ (သဘာဝနိယာမများ)ကို
နားမလည်ခြင်း ( Lack of understanding of nature's
laws )
(၉) ကြိုတင်ပြင်ဆင်ရန် စိတ်မပါခြင်း ( Unwillingness to
plan and prepare)
(၁၀) အကြောင်းပြခြင်း၊ ဆင်ခြေပေးခြင်း ( Rationalizing)
(၁၁) အတိတ်က အမှားများကို သင်ခန်းစာ မယူခြင်း ( Not
learning from past mistakes )
(၁၂) အခွင့်အလမ်းကို မမြင်ခြင်း ( Inability to recognize
opportunity )
(၁၃) ကြောက်စိတ် ( Fear )
(၁၄) ဗီဇစွမ်းရည်များကို အသုံးမချတတ်ခြင်း ( Inability to
use talents )
(၁၅) စည်းကမ်းမရှိခြင်း ( Lack of discipline )
(၁၆) ကိုယ့်ကိုယ်ကိုယ် မြတ်နိုးလေးစား တန်ဖိုးထားမှု
မရှိခြင်း ( Lack of self-esteem )
(၁၇) ဗဟုသုတမရှိခြင်း ( Lack of knowledge )
(၁၈) ဒုက္ခရောက်မယ့် ခံယူချက်သဘောထား ရှိခြင်း (
Fatalistic attitudes )
(၁၉) ရည်ရွယ်ချက် ကင်းမဲ့ခြင်း ( Lack of purpose )
(၂၀) သတ္တိမရှိခြင်း ( Lack of courage )
တစ်ကိုယ်ကောင်းဆန်တယ်။
တစ်ကိုယ်ကောင်းဆန်သူဟာအလိုလောဘကြီးတယ်။
·
· တစ်ကိုယ်ကောင်းဆန်သူဟာ တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
·
· တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို
·
· ပေါ့ပေါ့တန်တန်ပြောတယ်။
·
· ဒီလိုလူမျိုးကို ကိုယ်ကျင့်တရား မရှိသူလို့ ခေါ်တယ်။
·
· ဒီလိုလူမျိုးကို အသိပညာကင်းမဲ့သူလို့လည်း ခေါ်တယ်။
ဆရာသမားရဲ့ ကျေးဇူးသစ္စာကို အခါခပ်သိမ်း စောင့်ထိန်းသူဟာ
ဘာသာတရား စိတ်ထက်သန်သူဖြစ်တယ်။
ဒီလိုလူမျိုးဟာ လေ့လာသင်ယူလိုစိတ်
·
· ထက်သန်သူလည်းဖြစ်တယ်။
·
· ဒီလိုလူမျိုးဟာ စကားပြောရာမှာ၊ အလုပ်လုပ်ရာမှာ
·
· တစ်ဖက်သားကို ထောက်ထားစာနာတယ်။
·
· ဒီလိုလူမျိုးဟာ ဆုံးမသွန်သင်တာကို ခံယူထိုက်တယ်။
·
· အမြင့်ဆုံးသော အမှန်တရားကို ရှာဖွေသူဟာ
·
· စာပေကျမ်းဂန်ကို လေ့လာဆည်းပူးတယ်။
သင့်ကိုယ်သင် အပြစ်ကင်းစင် စေနိုင်ဖို့ သင့်အနေနဲ့ သူတစ်ပါးကို
အပြစ်ကင်းစင်စေနိုင်ဖို့ အမှန်တရားကို ရှာဖွေပါ။ အမှန်တရားကို
ဖြည့်ဆည်းပါ ။။
0 comments:
Post a Comment