Showing posts with label ဘ၀မှာ...ဘယ်လိုစိတ်ထားနဲပျော်အောင်နေမလဲ.......... Show all posts
Showing posts with label ဘ၀မှာ...ဘယ်လိုစိတ်ထားနဲပျော်အောင်နေမလဲ.......... Show all posts

Saturday, December 18, 2010

ဘ၀မှာ...ဘယ်လိုစိတ်ထားနဲပျော်အောင်နေမလဲ.........


ဆရာတော်ဦးဇောတိကရဲ့ ……ဘ၀မှာ ဘယ်လိုစိတ်ထားမျိုးနဲ့ ပျော်အောင်

နေထိုင်ရမလဲ ဆိုတဲ့ ပို့စ်လေးပါ 

၁၊ငါကိုယ်ငါ လေးစားမှု့ ရှိနေသေးသ၍ သူများဘယ်လိုထင်တယ်

ဆိုတာကိုကြောင့်ကြ စိုးရိမ်နေဖို့မလိုဘူး ။

၂။ ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကို 

အထင်သေးတာကို ဂရုမစိုက်ဘူး။

ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။

၃။ သူများကို ဘယ်လိုလူစားလဲလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို

 ဘယ်လိုလူစားလဲလို့ဖော်ပြနေတာနဲ့တူတယ်။

၎။ တကယ် ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့ ၊ ကိုယ့်အတွက်စိတ်ကျေနပ်မှု 

အများဆုံးရတဲ့အလုပ် ၊ကိုယ့်အရည်အချင်းတွေလည်းအများဆုံး

 ထုပ်ပြီးသုံးရတဲ့ အလုပ်ကိုလုပ်မယ့်သူဟာ အသေးအမွှား

အဆိုးတွေကို တွေးဖို့မသင့်ဘူး ။

၅။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ

 သူများကို စိတ်ချမ်းသာအောင် အထောက်အကူမပေးနိုင်ဘူး။

၆။ စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။

၇။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။

၈။ ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ

 ဘ၀ကိုရောင်းစားတာ နဲ့တူတယ်။

၉။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ့

 အရည်အချင်းကို ဖော်ပြနိုင်ရမယ်။

၁၀။ ကိုယ့်အခက်အခဲ ကိုယ့်ပြသနာကို ဖြေရှင်းဖို့ 

နည်းလမ်းရှာတဲ့အခါမှာ အများအတွက်အဆင်ပြေဖို့ကိုပါ

 ထည့်သွင်းစဉ်းစားမှသာ ရေရှည်ပြေလည်တဲ့ အဖြေကိုရမယ်။